မြောင်းမြတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကြာဖူးငုံလက်ပံကျေးရွာရှိ  ကွင်းအမှတ် ၂၀၈/၁၅၈၉ (က)၊ ဦးပိုင်အမှတ်(၂၃) တောင်သူ ဦးမြင့်သန်း၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈) စက်မှုလယ်ယာစခန်းမှ မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိုး ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲကို မြောင်းမြခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​နော်မိုင်လှ​ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊​ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးမျိုးမြင့်ဦး၊ မြို့နယ် ဦးစီးမှူး ဦးမျိုးမင်းဝင်းတို့မှ ​ကောက်စိုက်စက်၏ စက်မှုဆိုင်ရာ အချက်အလက်များနှင့် ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို တက်ရောက်လာသည့် တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သရုပ်ပြပွဲကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်