ကော့သောင်း ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အထက(၃)ကျောင်းမှ ကျောင်းသား/သူ(၇၀)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)နှစ်အောက် ကျောင်းသား/သူကလေးငယ်များအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများအား သတ်မှတ်ရက်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)