ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးသင်တန်း ဖွင့်လှစ်

ကရသူရိ  ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်တွင်းလက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းကြယ်သီးထိုးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့ပူးပေါင်းပြီး အမျိုးသမီးများလူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ရာ ထိုသင်တန်းတွင် အခြေခံပုစဉ်းခေါင်းပုံပြု လုပ်နည်း၊ သစ်ရွက်ထိုးနည်း၊ ရင်ကပ်ပန်းကြယ်သီးနှင့် ပန်းကြယ်သီးအမျိုးမျိုး ပြုလုပ်နည်းများကိုလက်တွေ့သင် ကြားပြသခဲ့ကြောင်း အဆိုပါသင်တန်းသို့ အမျိုးသမီးငယ်များ၊ Women Club အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)