ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) ကျင်းပ

လပွတ္တာ  စက်တင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်သည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်၊ ရောဂါကာကွယ်ရေးအတွက် အဓိက လိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဒေသခံပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် အသိပညာရန်၊ စစ်ဆေးရေး ဂိတ်တွင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရေး သံသယရှိသူများကို သက်ဆိုင်ရာ Quarantine စင်တာများသို့ ချက်ချင်းပို့ဆောင် ပေးရေး၊ ကျန်းမာရေး စောင့်ရှောက်သူ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကလည်း သက်ဆိုင်ရာ လူနာများနှင့် ထိတွေ့ စစ်ဆေးရာတွင်လည်း ဂရုတစ်စိုက်ဆောင်ရွက်ရေး၊ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာရေး၊ ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း Mask အား မဖြစ်မနေ အလေးထား တပ်ဆင် သွားလာကြရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်၍ လိုက်နာခြင်းမရှိသူများကို ပညာပေး အရေးယူခြင်းများ နေ့စဉ် နေရာစုံ လှည့်လည်ဆောင်ရွက်ပေးရေး လူစည်ကားသည့် နေရာများ ဖြစ်သည့်စျေး ကားဂိတ်များ၊ သင်္ဘောဆိပ်များ စသည့်နေရာများ ဧည့်သည်အဝင်အထွက်အား စောင့်ကြည့်ရေးအဖွဲ့များဖြင့် စစ်ဆေးပေးရေး ဌာနဆိုင်ရာရုံးများ ပြည်သူ့ဆေးရုံ၊ ဆေးခန်း ကျေးလက်ကျန်းမာရေးဌာနခွဲများ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် လိုက်နာဆောင်ရွက် စေရေးအတွက် လက်အိတ်နှင့် Mask တပ်ဆင်၍ ရောင်းချဝယ်ယူကြရေး အသိပေးနှိုးဆော်၍ အဖွဲ့များဖြင့် ကြပ်မတ် စစ်ဆေးပေးရေး အထက်ပါလုပ်ငန်းများ အသီးသီးတွင် တက်ရောက်လာသော ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၏ စုပေါင်း ဆောင်ရွက်ကူညီမှုများကိုရယူ၍ လပွတ္တာ မြို့နယ် အနေဖြင့် ရောဂါကူးစက်မှုကင်းရှင်းစေပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်အဆင့် COVlD-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီးဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များကို ခရိုင်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့်(လပွတ္တာ)