ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး (Talk Show) ပြုလုပ်

ကြံခင်း ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာဖတ်ခြင်းအကျိုး ကျေးဇူးအသိပညာပေး (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက အသိပညာပေး Talk Show အစီအစဉ်များ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  မြန်မာအမျိုးသမီးများ၏  စာဖတ်ခြင်းဖြင့် အသိ ပညာဗဟုသုတ တိုးပွားစေပြီး စိတ်ဓာတ်ခွန်အားပြည့်ဝစေသဖြင့် နေ့စဉ်အားလပ်ချိန်များမှာ စာဖတ် ကြရန် တိုက်တွန်းပြော ကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မွန်ဇာဝင်းက လူငယ်များနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးအား ဆွေးနွေးပြောကြားသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ် စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)