ငပု​တောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား

ငပုတော ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစား သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ငပုတောမြို့ ပမ္မဝတီအားကစားကွင်းနှင့် မိုး​လုံလေလုံ အားကစား ခန်းမတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိ သည်။

အဆိုပါ အဆင့်မြင့်အားကစားသင်တန်းတွင် U-16 အမျိုးသားဘောလုံးသင်တန်း၊ U-18 အမျိုးသမီး ဘောလုံး သင်တန်းနှင့် ပြေးခုန်ပစ် စသည့်အားကစားနည်းများအား နည်းပြများမှ သင်တန်းသား၊ သင်တန်းသူ (၉၅)ဦးခန့် အား သင်တန်းများအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး မည်သူမဆို အခမဲ့ တက်ရောက် သင်ကြားနိုင်ကာ သင်တန်းကာလအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၁၅) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယွန်း​ရွှေရည်မြင့်ထံမှ သိရသည်။

အောင်သူငပုတော (ပြန်/ဆက်)