ငပုတော ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အ.မ.က မြို့မ(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram အား ဒုတိယအကြိမ် ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းတို့မှ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ထို့သို့အသက် (၅)နှစ်မှ အသက်(၁၂)ထိ ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinophram ထိုးနှံရခြင်းမှာ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကလေးငယ်များ ကျန်းမာကြံ့ခိုင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ရည်ရွယ်၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းနေအရွယ်ကလေး စုစုပေါင်း (၁၂၀) ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)