ပဲခူးတိုင်း‌ဒေသကြီး၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး  ဇူလိုင်  

ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဩဝါဒအမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ()ဘာသာဂုဏ်ထူးရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာဖြင့် (ပဉ္စမ)အဆင့်ရရှိခဲ့သည့် ()ဘာသာဂုဏ်ထူးရှင်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း၊ ()ဘာသာဂုဏ်ထူးရှင်များနှင့် ()ဘာသာဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့မှလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆုရကျောင်းသား/ကျောင်းသူများ ကိုယ်စား ()ဘာသာဂုဏ်ထူးရှင် မအိမ့်စံမှီထွဋ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပဲခူးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သီဆိုဖျော်ဖြေတင်ဆက်ကြသော ကျောင်းသား/ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ (၂၉၈၅၄)ဦးအနက် ဖြေဆိုသူ (၂၇၁၂၃)ဦး၊ အောင်မြင်သူ (၁၂၅၀၀)ဦးဖြစ်၍ (၄၆.၀၉%)အောင်မြင်ခဲ့ပြီး ()ဘာသာဂုဏ်ထူး ()ဦး၊ ()ဘာသာဂုဏ်ထူး (၂၅)ဦး၊ ()ဘာသာဂုဏ်ထူး (၇၆)ဦး၊ ()ဘာသာဂုဏ်ထူး (၃၈၄)ဦး၊ ()ဘာသာဂုဏ်ထူး (၅၇၄)ဦး၊ ()ဘာသာဂုဏ်ထူး (၄၃၄၅)ဦး၊ ရိုးရိုးအောင်မြင်သူ (၇၀၉၂)ဦးရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)