ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "လူငယ်နှင့်ဇွဲ "စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန် က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "လူငယ်နှင့်ဇွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဆင့် က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသားကျောင်းသူလေးများ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတ တိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များက "လူငယ်နှင့်ဇွဲ" စာအုပ်ပါ လူငယ်နှင့်ဇွဲ၊ သင်ကအလုပ်ကို ချစ်လျှင်တန်ဖိုးအရှိဆုံးအရာ၊ ပျော်ချင်လျှင်စာဖတ်ပါစသည့် စာစုများပါအကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)