ဖားဆောင်းမြို့နယ် ရတနာစျာန်အောင် စေတီတော်မြတ်ကြီးတွင် ဆဌမအကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဖားဆောင်း    ဇူလိုင် 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ရတနာစျာန်အောင် စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် နာရီက သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊ အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်သလျှက် ဖားဆောင်းမြို့သူ၊ မြို့သားများ စုပေါင်း၍ ဆဌမအကြိမ်မြောက် အသံမစဲပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် နာရီခွဲတွင် ဆရာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား ဧည့်ခံကျွေးမွေး၍ နံနက် နာရီတွင် ဖားဆောင်းမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများတို့က ပဌာန်းဒေသနာတော်များအား စတင်ရွတ်ဖတ်ပူဇော်ကာ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)