အုတ်တွင်းမြို့နယ်၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

အုတ်တွင်း  ဇူလိုင် 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက်()နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဟင်းငုပ်ပင်) ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလျက်ရှိသော မူလတန်းအဆင့် အသက်()နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့်  အခွင့်အလမ်းများ ရရှိလာစေရန်၊  ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်နှင့်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အုတ်တွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)