ပန်းတောင်း ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ၂၃ ကြီမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး၊ပြိုင်ပွဲ တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက မြို့မစာကြည့်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့မိမြို့ဖစာကြည့်တိုက်ဂုဏ်ထူး ဆောင်နာယက ဆရာကြီးဦးတင်ထွဋ်မှ ပန်းတောင်းမြို့နယ် အတွင်း ထူးချွန်သူများ စဉ်ဆက်မပြတ် ပေါ်ထွန်းစေရန်ရည်ရွယ်၍ ဗိုလ်မှူးကြီးတင်လှိုင်(ငြိမ်း)မှ ယခုလိုဂုဏ်ပြု အခမ်းအနား ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ထူးချွန်သူများကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်၍ ဂုဏ်ပြုပေးမှာ ဖြစ်ကြောင်းစသည်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အခမ်းအနားနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ဝမ်းမြောက် ဂုဏ်ယူစကား အားပေးစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်အဆို (ကာလပေါ်သီချင်း) ပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ဖြို့သူအောင်နှင့် အခြေခံပညာ အသက် (၁၆-၂၀) အကပြိုင်ပွဲ၌ ပထမဆုရရှိသူ မသက်နှင်းမြတ်တို့အား ဗိုလ်မှူးကြီးတင်လှိုင်(ငြိမ်း) ကိုယ်စား ဆရာကြီး ဦးတင်ထွဋ်မှ၎င်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ၎င်း စာကြည့်တိုက်နာယက ဦးတင်လှိုင် (ဖေါင်းကန်) မှ၎င်း ဦးမြင့်ဌေး(ဥသျှစ်ပင်)တို့မှ ၎င်းအသီးသီး ဂုဏ်ပြုဆုငွေများ ချီးမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြိုမစာကြည်တိုက်၏ ဂုဏ်ထူးဆောင်နာယက ဆရာကြီးဦးတင်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ စာကြည့်တိုက်နာယက ဦးတင်လှိုင် (ဖေါင်းကန်) မြို့နယ်သဘင် ကောင်စီဥက္က္ကဋ္ဌ ဦးကြည်လွင်၊ ဆရာကြီးဦးတင်ဖေ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ ဦးမြင့်ဌေး(ဥသျှစ်ပင်)၊ ပန်းတောင်းအထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူ၊ မြို့မစာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)