အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အားကစားပြိုင်ပွဲ ပြုလုပ်

အုတ်တွင်း     ဇူလိုင်    

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ယနေ့မွန်းတည့် (၁၂)နာရီခွဲအချိန် က ပူစီးပေါင်းဖောက်ပြိုင်ပွဲနှင့် ပင်ပေါင်ဘောလုံးဇွန်းကိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်း က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းသား၊ကျောင်းသူများမှ ကျောင်းစာအပြင် စာပေဗဟုသုတရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ရှိစေရန် ပူစီပေါင်းဖောက်ခြင်းနှင့် ပင်ပေါင်ဘောလုံးဇွန်းကိုက်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်စေပြီး ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်း၊ စာဖတ်ခြင်း၊ ရောင်စုံစက္ကူရုပ်ခေါက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)