ရွှေတောင်မြို့နယ်တွင် သက်သာသောစျေးနှုန်းများဖြင့် စားသုံးကုန်များရောင်းချပေး

ရွှေတောင် ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် (အထက-ခွဲ)ကျောင်း ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘများကို ယနေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်မြေခံတပ်ရင်းများဖြစ်သည့် အမတ(၅၀၉)၊ ခလရ(၁၄)တို့မှ အရာရှိနှင့်စစ်သည်များက ကြက်သား၊ ကြက်ဥ၊ နို့ဆီ၊ ကော်ဖီမစ်၊ နို့မှုန့်နှင့်အဟာရမုန့်ချပ်များအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါပစ္စည်းများရောင်းချပေးသည့်နေရာသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဗိုလ်မှူးသက်ဦးအောင်၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအမတ(၅၀၉)၊ ခလရ(၁၄)တို့မှ အရာရှိနှင့်စစ်သည်များ၊ သရက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဝယ်ယူသူများကို နို့ဆီ(၁)ဘူးလျှင်(၉၀၀)ကျပ်၊ ကြက်သား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင်(၁၅၀)၊ နို့မှုန့်(၁)ထုပ်လျှင် (၃၀၀၀)ကျပ်၊ ကော်ဖီမစ်(၁)ထုပ်လျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)