ကလေး ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အသက်အရွယ်အလိုက် သတ်မှတ်ကျောင်းများတွင် ဇွန်လ ၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ကျောင်းသား (၂၇၃၉)ဦး၊ ကျောင်းသူ (၂၈၀၅)ဦး၊ စုစုပေါင်း ၅၅၄၄ ဦးတို့ကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ကလေး(ပြန်/ဆက်)