ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကရသူရိ ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမ‌ဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာများပူးပေါင်းပြီး အသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား/သူများကို ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ထိုသို့ထိုးနှံပေးရာတွင် ကျောင်းသား/သူများ၏ မိဘသဘောတူညီခွင့်ပြုချက်ဖြင့် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးပြီး နာရီဝက်ခန့်အကြာ စောင့်ကြည့်ပြီးမှ ထွက်ခွာခွင့်ပြုကြောင်း၊ အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ‌ရန်ကျန်ရှိနေသည့် ကျေးရွာ/အုပ်စုများရှိ အခြေခံပညာကျောင်းများသို့ အချိန်မီကွင်းဆင်းထိုးနှံနိုင်ရေး လျာထားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)