စစ်ကိုင်း စက်တင်ဘာ ၉
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောက်တာကျေးရွာတွင် မိရိုးဖလာ စိုက်ပျိုးရေတောင်သူ လုပ်ငန်းများအပြင် ကျောက်ပျဉ်လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်လာကြလျှက်ရှိရာ လုပ်ငန်းများ လုပ်ဆောင် နေကြ သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း အရောင်းအဝယ်များ အေးလျှက်ရှိကြောင်းသိရသည်။
"ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလမှာတော့ ကိုယ့်ရဲ့လုပ်ငန်းတစ်ခုတည်း အရောင်း အဝယ် အေးတာတော့မဟုတ်ပါဘူး အများစုလုပ်ငန်းတွေလည်း ဒီလိုပါပဲ ယခင် က လုပ်ငန်း ဆောင်ရွက် ရတာတွေ ကောင်းခဲ့တော့ အခုလည်း ကျောက်ပျဉ်လုပ်ငန်း လုပ် တဲ့ လုပ်သားတွေရဲ့ မိသားစု စားဝတ် နေရေးတွေကိုကြည့်ပြီးတော့ ကုန်ချောပစ္စည်းစုတဲ့ အနေနဲ့ ဆက်လက်လုပ်ကိုင်နေပါတယ် တစ်နေ့မှာတော့ အရောင်းအဝယ် တွေက ပုံမှန်ဖြစ် လာမှာပါ ဆုတောင်းရမှာကတော့ ဒီရောဂါဆိုးကြီး မြန်မြန် ပျောက်ကင်း ပါစေ လို့ပဲ ဆုတောင်းရမှာပါ ကိုယ့်အတွက်ရော အများအတွက်ပါ ဆုတောင်းပါတယ် လုပ်ငန်း ရှင်တွေရော/ လုပ်ငန်း လုပ်တဲ့ လုပ်သားတွေရော အကျိုးတူ လုပ်ကိုင်ဆောင်ရွက် ကြရ တာဆို တော့ ပုံမှန်အနေအထား မြန်မြန်ရောက်စေချင်ပါတယ် "ဟု ကျောက်ပျဉ် လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စိုးရှမ်း က ပြောပြ၍သိရသည်။
ကျောက်ပျဉ်များလုပ်ကိုင်ရာတွင် အရွယ်အစားအမျိုးမျိုး လုပ်ကိုင်ကြပြီး ယခင်က မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင် စသည့်မြို့ကြီးများတွင် တင်ပို့ရောင်ချ နေရပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် အရောင်းအဝယ်များ အေးနေ လျှက်ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)