တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ကော့သောင်း  ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် စာမေးပွဲအောင် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်း က ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုပွဲကို အထက()ကော့သောင်းမှ Grade (8) ကျောင်းသူကျောင်းသားများကပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့သီချင်းသီဆိုဂုဏ်ပြု၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေး၍ မိမိတို့ရပ်ရွာဒေသ အသိုင်းအဝန်းမှာ အောင်မြင်မှုများဖြစ်စေပြီး အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထူးချွန်သူများနှင့်သင်ယူရန် အခက်အခဲရှိသူများကို ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုများချီးမြှင့်ပြီး လူရည်ချွန်မောင်မယ်များကိုလည်း ရွေးချယ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြတဲ့ ကျောင်း သား၊ ကျောင်းသူတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်လို့ ယခုလိုအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းသည် အောင်ချက်ရာခိုင်နှုန်း အများဆုံးနှစ်တစ်နှစ်ဖြစ်ပြီး  ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း တိုင်းဒေသကြီးရဲ့ အောင်ချက်ရာခိုင်နှုန်းကို ယခုနှစ်ထက် ပိုမိုတိုးတက်အောင် ပညာရေးဝန်ထမ်းအားလုံးက ကြိုးပမ်းပေးကြစေလိုကြောင်း၊ ပညာရေးကဏ္ဍရဲ့ ထူးချွန်အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန် အမှာစကားပြောကြားသည်။

ယင်းနောက် ကော့သောင်းမြို့နယ် ပညာရေးမှူး ဒေါ်သန်းစိုး က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်တို့တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ()ဘာသာဂုဏ်ထူး ()ဦး၊ ()ဘာသာဂုဏ်ထူး ()ဦး၊ ()ဘာသာဂုဏ်ထူး ()ဦး၊ () ဘာသာ ဂုဏ်ထူး (၆၂)ဦး၊ ထူးချွန်စွာအောင်မြင်ခဲ့ကြ၍ ရိုးရိုးစာမေးပွဲအောင် (၁၈၅)ဦး စုစုပေါင်း(၂၆၀)ဦး အောင်မြင်ခဲ့ကြရာ ဂုဏ်ထူးနှင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရကျောင်းသူ၊ ကျောင်းသားများကိုယ်စား ()ဘာသာဂုဏ်ထူးရှင် မောင်စိုးသူရိန်ထွန်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အထက(ခွဲ)၊ အလက()ကျောင်းမှ Grade (9) ကျောင်းသူကျောင်းသားများကဘက်စုံပညာကိုရည်ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)