ရေတာရှည် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ကြံသနွယ်ကျေးရွာအုပ်စု၊ ဖျံချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတို့မှ ခရေ၊ စိန်ပန်း၊ မယ်ဇလီ၊ ပျဉ်းမ၊ ဗန်ဒါ၊ တရုတ်တည် အပင်ပေါင်း (၃၅၀) အား ဖျံချောင်းကျေးရွာအဝင် လမ်းတစ်လျှောက်တွင် စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)