အုတ်ဖိုမြို့နယ်တွင် အမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

အုတ်ဖို ဇူလိုင် ၃

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းမှ ကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊  စိမ်းလန်းရိုးမ အကွက်အမှတ် (၁၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းအနေဖြင့် ပဲခူးရိုးမ စိမ်လန်းစိုပြေရေး၊ ဒေသရာသီဥတုမျှတကောင်းမွန်စေရန်အတွက် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ ပျဉ်းမ၊ ခရေ၊ ကသစ်နှင့် မန်ဂျန်ရှား စုစုပေါင်းပျိုးပင် (၇၀၀) ကို ဟင်္သာ ရွှေမြေ ပဲခူးတိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်မှ ခမရ(၆) တပ်ရင်းမှူး၏ဇနီး ဒေါ်အေးမြင့်ထွန်းနှင့်ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့များ၊ တောင်သူလယ်သမားများ၊ ကျောင်းသားကျောင်းသူများသို့ပေးအပ်ကာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)