ခန္တီးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

ခန္တီး ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြိုကျောင်းမှ ဆရာမများနှင့် မူကြိုကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရာတွင် ဉာဏ်စမ်းပြိုင်ပွဲ၊ ပူပေါင်းဖေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကိုလည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲများတွင် မူကြိုကလေးငယ်များက မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြို ကျောင်းမှ ဆရာမများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင် မူကြိုကျောင်း သား၊ ကျောင်းသူ လေးများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)