မြန်အောင် ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာ ၊ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၇၇/၂)အနီး မျှင်ဝါးတောင်ကြိုးဝိုင်း အကွက် အမှတ်(၅၂)၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလွင်၊ ခရိုင်သစ်တောဦးစီးမှူး ဦးတင်အုန်းကျော် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် စေတနာ့ဝန်ထမ်းများက ကျွန်းပင် (၄၄၀)၊ မန်ဂျန် ရှား(၄၀၀)တို့ကို တပျော် တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအား ပေးသည်။ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ မိုးရာသီအကြိုနှင့်မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲများ၊ အထိမ်းအမှတ်နေ့များအလိုက် စုပေါင်းစိုက်ပျိုးခြင်းများ၊ ပုဂ္ဂလိကစိုက်ခင်း၊ ဒေသစိုက်ခင်း၊ နိုင်ငံပိုင် စိုက်ခင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက် မဟော်ဂနီ၊ ယမနေ၊ ခရေ၊ ကံ့ကော် ပျိုးပင်ပေါင်း(၉၇၀၀၀၀)ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ဇွန်လကုန်အထိ ၉၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရသည်။
ဇော်မင်း