မြင်းမူ ဇူလိုင် ၃
၂၀၂၂ ခုနှစ်၊ ယနေ့ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နံနက်(၆)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများထံ ယနေ့စုပေါင်းစိုက်ပျိုးမည့် ကျွန်းပင်နှင့်တမာပင်များကို မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲဝင့်နိုင်နှင့် သစ်တောအုပ် ဦးမင်းဇော်ဆန်းတို့ကပေးအပ်ကြရာ လက်ခံရယူကြပြီး သတ်မှတ်နေရာအသီးသီးတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် ဒေသခံများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် သစ်တောဦးစီးဌာနပျိုးဥယာဉ်တွင် ကျွန်း၊ တမာ၊ မယ်ဇလီ၊ မန်ဂျာရှား၊ ယင်းမာနှင့် မဟော်ဂနီစသည့် ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်ပေါင်း(၃၃၁၀၀)ကို စိုက်ပျိူးထားရှိခဲ့ရာ ယခုအခါသတ်မှတ်ပျိုးပင်အမြင့်(၂)နှင့်အထက်ရောက်ရှိပြီဖြစ်၍ ဒေသခံများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများက လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ( မြင်းမူ)