ဖား​ဆောင်းမြို့၌ မိုးရာသီ စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဖား​ဆောင်း  ဇူလိုင်  ၂

သစ်​တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်​တောစိုက်ခင်းများ ထူ​ထောင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစို​ပြေ​ရေး၊ရာသီဥတုမျှတ​ကောင်းမွန်​စေ​ရေးအတွက် ရည်ရွယ်၍ ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ရတနာစျာန်​အောင်​စေတီအနီးရှိ စိုက်ကွင်းတွင် ၂၀၂၂ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ယ​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သစ်​တောဦးစီးဌာနမှ  ဦးစီးမှူး ဦးမြင့်ဦးက မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖ များ၊​​ကျောင်းသား၊​ကျောင်းသူများထံ ကျွန်းပျဥ်းကတိုးနှင့်အရိပ်ရပျိုးပင်များကို ဖြန့်​ဝေ​ပေးအပ်ခဲ့ ကြပြီး မြို့နယ်အုပ်ချုပ်​ရေးမှူး၊မြို့နယ်သစ်​တောဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ် ပျိုးပင်များကိုသတ်မှတ်​နေရာများတွင် အသီးသီးစိုက်ပျိုး​ပေးခဲ့ကြ သည်။

ဖား​ဆောင်းမြို့နယ် သစ်​တောဦးစီးဌာနအ​နေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်များအတွက်ဒေသမျိုးရင်းအဖိုးတန်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်ပင်များ၊ အရိပ်ရသစ်ပင်မျိုးများပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၀၀၀)ကို စိုက်ပျိုးထားပြီး၊ယ​​နေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်တွင် ကျွန်း၊ပျဉ်းကတိုးနှင့်အရိပ်ရပျိုးပင်(၃၀၀)ပင်ကို သစ်ပင်စိုက်ပျိုးပွဲ​တော်တို့တက်​ရောက်လာကြသည့် အင်အား(၁၀၀)​ကျော်တို့က သတ်မှတ်​နေရာများတွင်ပျော်ရွှင်စွာဖြင့် စု​ပေါင်းစိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)