ကသာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

ကသာ ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အမျိုးသမီးများအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှုအခြေအနေများကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင်အမျိုးသမီးကဏ္ဍအသိပညာပေး Talk Show ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ကို ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်တို့က အသိပညာ ပေးဆွေးနွေးခဲ့သည်။

အမျိုးသမီးကဏ္ဍအသိပညာပေး Talk Show တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ ဘဝတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်မားရေးနှင့် ဝင်ငွေပိုမိုရရှိရေးရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေးနှင့် အမျိုးသမီးများစိတ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများအား အသိပညာပေး Talk Show များကို Online မှတစ်ဆင့် လစဉ်လွှင့်တင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)