မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို Talk Show အစီအစဉ်ကို ဒိုက်ဦးမြို့ (Community Center) ခန်းမတွင် ကျင်းပ

ဒိုက်ဦး ဇူလိုင် ၁

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများ နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး CommunityCentre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး‌ နောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝင်းအေးကျော်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးရေးရာ အဖွဲ့အနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများနှင့် အမျိုးသမီးများ အခွင့်အ‌ရေးအပြည့်အဝ ရရှိစေရေး၊ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးတို့အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)