အမာမြို့၊ အခြေခံပညာထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိ

အမာ ဇူလိုင်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် (၁၀)နာရီအချိန်မှစ၍ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး  ယမန်နေ့ကစ၍ ထိုးနှံပေးခဲ့ရာ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ယမန်နေ့က(၈၀)ဦး၊ ယနေ့(၇၅)ဦး၊ စုစုပေါင်း(၁၅၅)ဦးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ‌ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို အဆင်ပြေချောမွေ့စေရေး အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နော်လေး

အမာ(ပြန်/ဆက်)