အုတ်ဖို ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကာကွယ်ဆေးထိုးရန်(၁၀၃၅၂)ဦးရှိပြီး ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၅)ကျောင်းတွင် စုရပ်ပြုလုပ်ကာ ပြီးခဲ့သည့်ဇွန်လ(၂)ရက်နေ့က ထိုးနှံပေးပြီးဖြစ်ရာ ယနေ့ဇူလိုင်(၁)ရက်နေ့တွင် တစ်လပြည့်ပြီဖြစ်သဖြင့် ကာကွယ် ဆေးကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက် ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ