ကဝ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ မဲစာရင်းတွင် မဲဆန္ဒရှင်စာရင်းများ ပါရှိ ရေး၊ ပြည့်စုံမှန်ကန်သည့် မဲစာရင်းများ ရရှိနိုင်ရေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား မဲဆန္ဒရှင် စစ်ဆေးရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်းနှင့် တက်ရောက်လာသူများမှ ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကော်မရှင် ဦးစီးအရာရှိမှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များအား ရှင်းလင်းပြောကြား ခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံများ၊ မဲဆန္ဒရှင်အင်အားနှင့် မဲရုံဝန်ထမ်းလျာထားမှု အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)