ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ ကျင်းပ

ရွှေကျင် ဇူလိုင်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အနောက်ဘက်ကျေးရွာ ရန်ကုန်ကျောင်း မဟာစည်ဓမ္မရိပ်သာကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းသိမ်း က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သည့် အခြေခံအပ်ချုပ်စက်နည်းပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေး က အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိခဲ့ကြသူများကို မြို့နယ်တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူ မဇူလှိုင်မိုးစက် က အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပေးခဲ့၍ သင်ကြားခွင့်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအတွင်းရှိ သောင်လယ်ကျေးရွာ၊ မောင်းရုံကျေးရွာနှင့် အနောက်ဘက်ကျေးရွာတို့မှ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် အခြေခံအပ်ချုပ်စက်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာ () မျိုးကို ကျွမ်းကျင်ဆရာမ ဒေါ်နှင်းနှင်းစိုးက စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် ()လကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)