ရွှေတောင်မြို့နယ်တွင် အသက် (၅)နှစ် မှ (၁၂) နှစ် အတွင်း ရှိအခြေခံပညာ ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ရွှေတောင် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ရွှေတောင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၁၇၉) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်းရှိ ကျောင်းသား / ကျောင်းသူ (၁၀၄၆၉) ဦးအား ၁.၇.၂၀၂၂ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ကျောင်းစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုကို မင်း( ပြန်/ ဆက်)