ကြံခင်းမြို့တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ကြံခင်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား/သူ(၃၂)ဦးက "အာဇာနည်နေ့ တို့မမေ့”စာစီစာကုံးနှင့်အထက်တန်းအဆင့် ကျောင်းသား/သူ(၁၀)ဦးက အာဇာနည်နေ့ဆိုင်ရာကဗျာ များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး နှင့်ကဗျာပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူများအား ဇူလိုင်လ(၁၈)ရက်နေ့ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲအခမ်းအနားတွင် ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်ထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)