သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး

သံတောင်ကြီး၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကားရှယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဦးစောတီမသေက ဆွေးနွေးရာတွင် မဲစာရင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက စေ့စပ်ညှိနှိုင်းခြင်း၊ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ကိုလိုက်နာစေရန်၊ သက်ဆိုင်ရာလွှတ်တော်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို လွှတ်တော်ကိုယ်စား လှယ်များဖြင့် တွေ့ဆုံညှိနှိုင်းသတ်မှတ်ပေးခြင်းနှင့် ခွင့်ပြုချက်ရရန်လိုအပ်သည့်ကိစ္စရပ်များကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံညှိနှိုင်းခြင်း၊ လုံခြုံရေးဆိုင်ရာအကူအညီတောင်းခံရန်နှင့်လိုအပ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဌာနဆိုင်ရာများကို ဖိတ်ကြား၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ မဲဆွယ်စည်းရုံးမည့်အချိန်ဇယားအတိုင်း လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မဲဆွယ်စည်းရုံးကာလအတွင်း ပေါ်ပေါက်လာသောအငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်နှင့်အညီဆောင်ရွက်ရန်၊ တိုင်ကြားလာသည့်အငြင်းပွားမှုများကို ဖြေရှင်းပေးရန်၊ ရွေးကောက်ပွဲနေ့ မဲရုံ၌ဖြစ်ပေါ်နေသော အငြင်းပွားမှုများကို  အမြန်ဆုံးဖြေရှင်းပေးရန် စသည်တို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းများ  မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်ဆွေးနွေးပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)