ပုသိမ် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင်(၃)ရက်နေ့ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ အဘိုးအဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက စက်တော်ရာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
စက်တော်ရာ ဘိုးဘွားရိပ်သာရှိ အဘိုး(၁၃)ဦး၊ အဘွား(၃၀)ဦး၊ စုစုပေါင်း(၄၃)ဦးတို့အား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် အဖွဲ့ဝင်များသည် အဘိုး၊ အဘွားများအား ကျန်းမာသက်ရှည်စေရေးအတွက်ခန္ဓာကိုယ် ထိုင်လျှက်အနေအထားဖြင့် (ယောဂကျင့်စဉ်) လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာတွင် လမင်းတစ်ရာဘက်စုံပရဟိတဆရာတော်၏ သြဝါဒကိုခံယူကာ နေ့စဉ်တရားအားထုတ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း(ယောဂကျင့်စဥ်) လေ့ကျင့်ခန်းဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်းလဲသိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင် ပြန်ဆက်