ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ်(Booster Does)ထိုးနှံပေး

ပေါက်ခေါင်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့အမှတ်(၄)ရပ်ကွက်ရှိ ဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသောသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield)ကို ထိုးနှံပေးခဲ့သည်။ ယနေ့တွင် မြို့ပေါ်အမှတ်(၄)ရပ်ကွက်မှ ပြည်သူ(၁၀၀)တို့အား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)