ကျိုက်လတ် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၁)နာရီခွဲ အချိန်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် မိုးရာသီ အားကစားသင်တန်းသားရရှိရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်နိုင်က အားကစားနှင့်ပတ်သက်၍ လူငယ်များ သိသင့်သည့်အချက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယခုမိုးရာသီတွင် ဖွင့်လှစ်မည့် အားကစားသင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်ရန်အတွက် အားကစားပစ္စည်းများကို နည်းစနစ်မှူး ဦးကျော်နိုင်က ပေးအပ်ခဲ့ရာ အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းသန်းက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)