သံတောင်ကြီးမြို့တွင်လူကုန်ကူးမှုလျှော့ချရေး အားလုံးကူညီဝိုင်းဝန်းပေး ဆိုင်းဘုတ်စိုက်ထူ

သံတောင်ကြီး၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံ‌တောင်ကြီးမြို့ ရပ်ကွက် (၄) လမ်းဆုံနှင့် မြို့အဝင်ဂိတ်တွင်  လူကုန်ကူးမှုလျှော့ချရေး အားလုံးကူညီဝိုင်းဝန်းပေးဆိုင်းဘုတ်စိုက်ထူခြင်းကို  USAID  ၏ပံ့ပိုးကူညီမှုဖြင့် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆိုင်းဘုတ်များစိုက်ထူပေးသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာပါက ချိတ်ဆက်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများ၊ သံတောင်ကြီးအမျိုးသမီးများအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ ကွန် ရက် (ကရင်) တို့ထံ အကူအညီတောင်းခံနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအား ကပ်ထားပေးသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ထူးဇာန်၊  သံတောင်ကြီးမြို့မစခန်းမှူး ဒုရဲမှူး လှစိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး နော်လော်မူနှင့် ဌာနဆိုင်ရာများ၊ သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်မာမာချိုနှင့်အဖွဲ့၊ အမျိုးသမီးများအဖွဲ့ကွန်ရက်(ကရင်)တို့က  စိုက်ထူပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)