ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ဂန့်ဂေါ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းများကို တွင်ကျယ်စွာ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဂန့်ဂေါမြို့နယ်တွင် စာသင်ကျောင်း(၁၈)ကျောင်း ဖွင့်လှစ်နိုင်ပြီး ကျောင်းသား/သူ (၅၀၀၀)ကျော် လာရောက် အပ်နှံနိုင်၍ ယခင်ထက် ကျောင်းသားဦးရေ တိုးတက်လာကြောင်း၊ ခရိုင်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု ၁၈.၇၅ ရာခိုင်နှုန်းထိ ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး ဆောင်ရွက်ရာတွင် သတ်မှတ်ချက် (၁၂)ချက်အပေါ် မူတည်၍ထိုးနှံနိုင်ရေး မြို့နယ်များအနေဖြင့် စာရင်းဇယား များဖြင့် စနစ်တကျပြုစု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးများ ရောက်ရှိလျှင်် ကျောင်းသား/သူများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးမည်ဖြစ်ပြီး မြို့နယ်များအနေဖြင့် ကာကွယ်ဆေး ထိုးမည့်လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့်  ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်း ဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင် (ဂန့်ဂေါ)