ရွှေကျင် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပွဲကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် သုတရသစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးထံ အုပ်ရေ(၆၀) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)