ကျိုက်လတ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိနှင့် လုံခြုံရေးဆိုင်ရာများ စစ်ဆေးဆောင်ရွက်

ကျိုက်လတ် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင်  မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းမှစ၍ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင် မှုရှိ/မရှိနှင့် လုံခြုံရေးဆိုင်ရာများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရီးသွားယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် ၁၈ နှစ် အထက်ရှိ ခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိနှင့် ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး အတွက် ယာဉ်များအား လုံခြုံရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းများကို  ဌာနဆိုင်ရာများမှ တာဝန်ကျဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရီရီမြင့်