ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) အပိုဆောင်းထိုးနှံပေး

ဒေးဒရဲ ဇွန် ၂၉

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ ကြီးကြပ်မှုဖြင့် မြိုနယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၈)နှစ်နှင့် အထက် (၁၄၈၀၃၃)ဦး၊ (၁၅မှ၁၈)နှစ်အထိ (၁၂၂၈)ဦး၊ (၅ နှစ်မှ ၁၂နှစ်)အထိ (၁၉၀၈၅)ဦးနှင့် အပိုဆောင်းထိုးနှံမှု (Booster) ထိုးနှံပြီးစီးသူ (၆၅၁၅)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း