ပေါက်ခေါင်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာ ၁၂ ရွာမှ ဒေသခံကျေးလက်ပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကျေးရွာတွင်းလမ်းများအား အဆင့်မြှင့်တင်၍ မြေသားမြေနီလမ်းခင်းခြင်း၊ ဆိုလာစနစ် သုံးစိုက်ပျိုးရေနှင့် တွင်းနက်အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်းများ၊ မြေသားရေလှောင်ကန် တူးဖော်ခြင်းနှင့် ကျေးရွာဘက်စုံ သုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး၊ မြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများမှလည်း ယင်းကျေးရွာများသို့ မြေပြင်ကွင်းဆင်း၍ စီမံကိန်းနှင့်ပက်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ဦးဆောင်လုပ်ကိုင်မည့် ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ပါက နည်းပညာပံ့ပိုးကူညီခြင်းများကို ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိသည်။
သန်းထွန်းအောင်(ပြန်/ဆက်)