သံတောင်ကြီး ဇွန် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက် အောင်မြင်စေရန်၊ ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီးကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ကျေးမင်း(ရွာသစ်)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းနှင့်မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများဖွဲ့စည်းခြင်းနှင့် သင်တန်းသားများရွေးချယ် ခြင်းတို့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်း(VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း တစ်ရာနှင့်ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်မည့် ကုန်ထုတ်လမ်းဆောင်ရွက်မည့်နေရာအား မြေနေရာ ရရှိနိုင်မှုအခြေအနေများအား ကွင်းဆင်းတိုင်းတာ၍ လိုအပ်သည်များကိုကျေးရွာ ကော်မတီများနှင့်ညှိ နှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ