လက်ပံတန်းမြို့တွင် မိုးနေကြာ စံပြကွက်စိုက်ပျိုး

လက်ပံတန်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးပွဲကို မှော်အင်းကျေးရွာ အုပ်စု ကွင်းအမှတ် (1188-A) တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာလက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးနှင့် ဆောင်းသီးနှံ နေကြာစိုက်ဧကများ မျိုးစေ့ရရှိရန်အတွက် နေကြာမျိုးစေ့ထုတ် စံပြကွက် ၁၅ ဧက စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးမင်းထွန်း(ပြန်/ဆက်)