အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လက်ပံတန်းမြို့နယ် အားကစားကွင်းအားကြည့်ရှုစစ်ဆေး

လက်ပံတန်း ဇွန် ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်၊ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် အားကစားကွင်းသို့ရောက်ရှိပြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ ကျန်းမာမှလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအသိဉာဏ်ဗဟုသုတရှိစေရန်အတွက် လူငယ်နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ချစ်ချစ်ခင်ခင်စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏လိုအပ်ချက် တင်ပြမှုများအပေါ်အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)