ဇီးကုန်း ဇွန် ၂၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လည် ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်၍ ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်အားလည်းကောင်း၊ မိုးလုံလေလုံအားကစားခန်းမအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ အားကစားကွင်းအတွင်း ပြည်သူများလာရောက်ကစားနိုင်ရေး လိုအပ်သည့်အားကစားပစ္စည်းများ ထားရှိဆောင်ရွက်ပေးစေရေးတို့ကို လမ်းညွှန်မှာကြားပြီး လိုအပ်သည့်အားကစားပစ္စည်းများ ထုတ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)