အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မင်းလှမြို့နယ် အောင်တံခွန် အားကစားကွင်းခန်းမအား ကြည့်ရှုစစ်ဆေး

မင်းလှ ဇွန် ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အောင်တံခွန်အားကစားကွင်းအတွင်း တည်ဆောက်ထားသည့် မိုးလုံလေလုံဘက်စုံအားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်နှင့် တိုင်းအဆင့်/ ခရိုင်အဆင့်တာဝန်ရှိသူများသည် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ (၂၇၉.၉၉)ကျပ်သန်းဖြင့် ဆောက်လုပ်သော အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ၊ အမြင့် ၃၆ ပေရှိ မိုးလုံလေလုံအားကစားခန်းမ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများ၊ မြို့နယ်အားကစားမှူးဦးလှဖုန်းနှင့် ဝန်ထမ်းများအားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)