မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

မြောင်းမြ ဇွန် ၂၈

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နေ့လယ်(၂)နာရီအချိန်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး (Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာစိုးသက်က  သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားရသည့် အကြောင်းအရင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာအခြေအနေများ၊ ရောဂါဖြစ်ပွားမှုနှုန်းများသည့် အချိန်ကာလ၊ ရောဂါမဖြစ်ပွားရန် ကြိုတင်ကာကွယ်နှိမ်နှင်းရမည့် အချက်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများအသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရပါသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)