မြောင်းမြ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးရှိ သင်တန်းခန်းမ၌ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း၊ ရပ်ကွက်/ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းများကို သိရှိနားလည်စေနိုင်ရေးအတွက် ယနေ့ နံနက်(၉)နာရီက သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့သည်။
သင်တန်းတွင် ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးထွန်းငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များအား ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သီတာအေးက ရှင်းလင်းဆွေးနွေးပြောကြား ခဲ့သည်။ ထိုသင်တန်းဖွင့်ပွဲသို့ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ လဝကမှူးများနှင့် ဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို တစ်ရက်ကြာဖွင့်လှစ်ပို့ချပြီး မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်တို့မှ ဝန်ထမ်းစုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ရာ လက်တွေ့ကွင်းဆင်း စမ်းသပ်ဆောင်ရွက်ချက်လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်