ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဖျာပုံဇွန်၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က စာရေးဆရာမ ခင်နှင်းယု ရေးသားသော "ဇီဝဇိုးစံအိမ်" ဆောင်းပါးပေါင်းချုပ်စာအုပ်မှ "ဇီဝဇိုးစံအိမ်"ဆောင်းပါးအား ဖတ်ကြားဆွေးနွေးပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး)က စာရေးဆရာမ ခင်နှင်းယုရေးသားသော "ဇီဝဇိုးစံအိမ်" ဆောင်းပါးပေါင်းချုပ် စာအုပ်မှ "ဇီဝဇိုး" ဆောင်းပါးမှ ဇီဝဇိုးငှက်ကလေးများ၏ အသိုက်ဖြင့် လူသားတွေရဲ့ ခွန်အားကို ပြည့်ဝစေသလို စာရေးဆရာများမှ ရေးသားထားသည့် အနှစ်သာရပြည့်ဝသော စာပေများကို ဖတ်ရှုခြင်းအားဖြင့် ပြည်သူများဘဝ အသိပညာ ဗဟုသုတများ တိုးပွားစေကြောင်း စာရေးဆရာများမှ ဇီဝဇိုးငှက်များကဲ့သို့ပင် ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေး​သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)